# started 2014-08-16T14:23:27Z "အာရှတိုက်သည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံးဖြစ်သည်။ အာရှတိုက်ကို အာဖရိကယူရေး‌ရှား၏ ကုန်းမြေအစိတ်အပိုင်းဟု ခေါ်ဆိုလေ့ရှိကြသည်။ စူးအက်တူးမြောင်း၏ ရှေ့ဘက်၊ ယူရယ်တောင်တန်းများ၏ အရှေ့ဘက်၊ ကော့ကေးဆပ်တောင်တန်း၊ ကက်စပီယန်ပင်လယ်နှင့် ပင်လယ်နက်တို့၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ အာရှတိုက်သည် ကမ္ဘာ့မျာက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းစမြေဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံတားသည်။ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် အာရှတိုက်တွင် နေထိုင်ကြသည်။"@my . "‌မြောက်အမေရိကတိုက်သည်ကမ္ဘာ‌မြေပြင်၏ မြောက်ဗဟိုခြမ်းတွင် တည်ရှိပြီး မြောက်ဘက်တွင် အာတိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် မြောက်အတ္တလန္တိတ်သမုဒ္ဒရာ တောင်ဘက်တွင် ကာရစ်ဘီယံပင်လယ် နှင့် အနောက်ဘက်တွင် မြောက်ပစိဖိတ်သမုဒ္ဒရာ တို့ကဝန်းရံလျှက်ရှိသည်။ ဧရိယာအကျယ်အဝန်းမှာ ၂၄၅၀၀၀၀၀စတုရန်းကီလိုမီတာ သို့မဟုတ် ၉၅၄၀၀၀၀စတုရန်းမိုင်ဖြစ်ပြီး ကမ္ဘာ့မျက်မှာပြင်၏ ၄.၈ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ၂၀၀၂ ခုနှစ် ဇူလိုင်လ စာရင်းအရ လူဦးရေ ၅၁၄၆၀၀၀၀၀ ကျော်ရှိည်ဟု ခန့်မှန်းရသည်။ အာရှတိုက်နှင့်အာဖရိကတိုက်တို့ပြီးလျှင် မြေနေရာအကျယ်ဝန်းဆုံးတိုက်ဖြစ်သည်။ ထို့ပြင်အာရှတိုက်၊ အာဖရိကတိုက်နှင့် ဥရောပတိုက်တို့ပြီးလျှင် စတုတ္ထမြောက်လူဦးရေအများဆုးတိုက်ဖြစ်သည်။"@my . "စစ်မှန်သောယေရှုဘုရား၏အသင်းတော် (True Jesus Church)သည် သီးခြားရပ်တည်ေသာ ခရစ်ယာန်ေကျာင်းတော်ဖြစ်ြပီး (တရုတ်)နိုင်ငံ ပီကင်းမြို့တွင် ၁၉၁၇-ခုနှစ်၌ စတင်တည်ေထာင်သည်။ ယခုလက်ရှိတွင် နိုင်ငံပေါင်း (၄၅)နိုင်ငံ၌ အသင်းသား ၁.၅-သန်းခန့် ရှိသည်။ ဤကျောင်းတော်သည် ၂၀-ရာစု အစောပိုင်းတွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာ ပန်တီကိုစတယ်ေကျာင်းခွဲ (Pentecostal branch of Christianity) အောက်တွင် ရှိသည်။ ခရစ်စမတ်နှင့် အီစတာပွဲတော်များကို ကျင်းပလေ့မရှိပေ။ ကျောင်းတော်သည် ယေရှုသခင် ဒုတိယအကြိမ် ရှင်သန်ထမြောက်ခြင်းမတိုင်မီ နိုင်ငံအသီးသီးသို့ တရားတော်ကို ဟောကြားဖြန့်ဖြူးရန် ရည်ရွယ်သည်။ ၁၉၉၂ ခုနှစ်မှစ၍ ဝတ်ပြုရာကျောင်းတော်များသည် ရန်ကုန် (မြန်မာ)။ ယခုအခါ တောင်ဖီလာ၊ ပျဉ်ေထာင်ဦး၊ ပြည်ေတာ်သာ၊ စက္ကမရီ၊ လမ်ဇန်၊ စံမြို့၊ လက်ပံချောင်း၊ စော်ဘွားရေဆင်း ၊ တီးတိန်မြို့၊ ဖလမ်း၊ နတ်ကြီးကုန်းနှင့် ရန်ကုန် ရွှေပေါက္ကံ တို့တွင်တည်ရှိသည်။"@my . "ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် ဂရိဘာသာစကား သဘာဝအလျောက်ဖြစ်သော φυσικός (Phusikos) နှင့် သဘာဝ φύσις (Phusis) မှဆင်းသက်လာသည်။ Phusis =သဘာဝ Phusikos ==သဘာဝဆိုင်ရာ အသိပညာရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြာဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၄င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၄င်းတို့မှရလောသာ အဆုံးသတ်ဖြစ်ပေါ်ချက်များ ကိုကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။ရူပဗေဒ (Physics) သည် ဒြပ်ဝတ္တုများ နှင့် လှုပ်ရှားမှု များကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒ နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ဝတ္တု နှင့် လျှပ်စစ်ဓာတ် ကိုအသုံးပြုသည်။ ခြုံငုံ ပြောရလျှင် ရူပဗေဒသည် သဘာဝ ကို လေ့လာ ဆန်းစစ်မှု ဖြစ်ပြီး ကျွန်ုပ်တို့၏ ပါတ်ဝန်းကျင် အားလုံး ကို နားလည်ရန်ပင်ဖြစ်သည်။ ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာတာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟုအဓိပ္ပါယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပါယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု ၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုပါသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့် ရူပဗေဒသည် ရှေး အလွန်ကျလှပြီး နက္ခတ္တဗေဒထက်ပင် ရှေးကျပေလိမ့်မည် ဖြစ်ပြီး တစ်ခါတစ်ရံ ဖီလိုဆိုဖီ၊ ဓာတုဗေဒ တို့ အသွင်ဆောင်ကာ နောက်ပိုင်း ကာလများတွင် သင်္ချာ နှင့် ဇီဝဗေဒ တို့၏ ဂိုဏ်းကွဲ ပင် ဆောင်ပြီးနောက် ၁၆ ရာစုတွင် ရူပဗေဒသည် ခေတ်သစ် ရူပဗေဒ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုတွင် ရူပဗေဒ ဘာသာရပ် အဖြစ် သီးသီးခြားခြား ကန့်သက်နိုင်သော အဆင့်ရောက်သော်လည်း အခြားဘာသာရပ်များ၏ လေ့လာမှု ကဏ္ဍနှင့်ကား ကွဲခြားရန် ခက်ခဲလှပေသေးသည်။များသောအားဖြင့် ရူပဗေဒကို အရေးကြီးသော ဘာသာရပ် အဖြစ် သိမြင်ကြပြီး ရူပဗေဒ တိုးတက်မှုကို နည်းပညာ ပိုင်းဆိုင်ရာ တို့တွင် တိုက်ရိုက် တွေ့နိုင်သလို၊ တခါတရံ အခြား ဘာသာရပ်များ သို့ ပြန့်နှံ့ရာတွင် သင်္ချာ နှင့် ဖီလိုဆိုဖီ တို့တွင်ပါ ပြန့်နှံ့သွားတက်သည်။ ဥပမာအားဖြင့် လျှပ်စစ်သံလိုက် နားလည်တိုးတက်မှုတွင် ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ စသည့် ပစ္စည်း ကိရိယာ များ ပေါ်ထွက်လာခဲ့သလို thermodynamics တိုးတက်မှုတွင် စက်ဆွဲယာဉ်များ ပေါ်ထွက်လာခဲ့သလို မက္ကင်းနစ် နားလည်တိုးတက်မှုတွင် ကဲကုလပ် နှင့် ကွန်တမ် ဓာတု ပေါ်ထွန်းစေခဲ့ပြီး အဏုဇီဝ တွင် သုံးသော electron microscope ပေါ်ပေါက်ခဲ့သည်။ယနေ့ခေတ်တွင် ရူပဗေဒသည် အလွန်ကျယ်ပြန့်ပြီး အဆင့်မြင့်သော ဘာသာရပ် ဖြစ်ကာ လက်တွေ့ကျကျ လေ့လာရာတွင် ဂိုဏ်းကွဲ များစွာရှိသည်။ ထို့အပြင် သဘောအားဖြင့် ရူပဗေဒကို သီအိုရီ နှင့် လက်တွေ့ ဟူ၍ ကွဲနိုင်သည်။ သီအိုရီ တွင် သီအိုရီ အသစ်ရရေးကြိုးပမ်းပြီး လက်တွေ့တွင် သီအိုရီ အသစ်/အဟောင်း တို့ကို မှန်မမှန်ဆန်းစစ်သည်။ လွန်ခဲ့သော ရာစုနှစ် လေးခု လောက်ကတည်းက အလွန် တိုးတက်လာခဲ့သော်လည်း သဘာဝ ဖြစ်ရပ်များစွာကို အဖြေမပေးနိုင်သေးပဲ ရူပဗေဒသည် သွက်သွက်လက်လက် လှုပ်ရှားလျက် ရှိသည်။"@my . "ထူးအိမ်သင်"@my . "နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။ မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည် နန်းတက်ဘွဲ့မှာ သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဘက် ရဲဘော်ကြီးဖြစ်သည့် မင်းလှနော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန် (ဦးတွန်)၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ ဗိုလ်တွန်က အင်းဝကို သိမ်းပိုက်ကာ အခိုင်အလုံနေသည်ကို တိုက်ခိုက်နှိမ်နှင်းရသည်။ နောက်ဆက်တွဲအဖြစ် အခြားဒေသများတွင်လည်း ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ သို့သော် ပုန်ကန်မှုများကို ကောင်းစွာနှိမ်နှင်းနိုင်ခဲ့ပေသည်။ ၎င်းလက်ထက်တွင် စစ်ရေးအင်အားအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ရာဇဝင်ဆရာများဆိုကြသည်။ တရုတ်မြန်မာနယ်စပ်ရှိကျိုင်းရုံးကြီးနယ်(ယခုတရုတ်ပြည်တွင်းရှိ စစ်ဆောင်ပန္နားနယ်)သည်မြန်မာပိုင်ဖြစ်လာခဲ့သည်။ကုန်းဘောင်မင်းဆက်၏ ၅ ဆက်မြောက်မင်း ဖောင်းကားစား မောင်မောင်မှာ နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။"@my .